အရှုံးသမားတစ်ယောက်ရဲ့ ဖွင့်ဟခြင်း
ချစ်သူရေ…
ငါဟာ နင့်အတွက်တော့ ဘာမှမဟုတ်ပေမယ့်
နင့်အတွက် အားကိုးရာ ပခုံးလေးတစ်ခု ဖြစ်ခဲ့ချင်တာပါ…
ငါဟာ နင်အားငယ်တဲ့အခါမှာ ဘေးနားရှိမနေပေမယ့်
နင့်အတွက် နှစ်သိမ့်ရာ ရင်ခွင်တစ်စုံ ဖြစ်ခဲ့ချင်တာပါ…
ငါဟာ နင်ငိုနေတဲ့အချိန်မှာ ရပ်ကြည့်နေခဲ့ရပေမယ့်
နင့်အတွက် မျက်ရည်သုတ်ပေးတဲ့ လက်တစ်စုံ ဖြစ်ခဲ့ချင်တာပါ…
ငါဟာ နင်စိတ်ဆိုးတဲ့အခါ ဘယ်လိုနှစ်သိမ့်ပေးရမှန်းမသိပေမယ့်
- နင့်အတွက် ဒေါသဖြေစရာ ကျောကုန်းလေးတစ်ခု ဖြစ်ခဲ့ချင်တာပါ…
ငါဟာ နင့်ကိုပြုံးရယ်လာအောင် မလုပ်တတ်ပေမယ့်
နင့်အတွက် အမြဲတမ်းပျော်ရွှင်စေမယ့် အတွေးလေးတစ်ခု ဖြစ်ခဲ့ချင်တာပါ…
နင်မမြင်နိုင်ပေမယ့်
နင်မြင်နိုင်မယ့်နေရာတိုင်းမှာငါရှိနေတယ်
နင့်ကိုပြောမပြနိုင်တဲ့
ငါမက်တဲ့အိပ်မက်တိုင်းမှာ
နင်အမြဲပါတယ်
နင်မကြားနိုင်တဲ့
ငါဆိုတဲ့သီချင်းတိုင်း
နင့်ကိုရည်ရွယ်တယ်
နင်မဖတ်ချင်တဲ့
ငါရေးတဲ့ကဗျာ တိုင်းနင်ကိုခံစားတယ်
နင်မဖတ်တတ်တဲ့
ငါ့မျက်နှာပေါ်ကအပြုံးတွေ
နင့်ကြောင့်သေဆုံးကုန်တယ်
ဒါပေမယ့်
နင်မလိုချင်တဲ့
ငါ့နှလုံးသားပွင့်တဲ့ပန်း
နင်ခူးမယ့်အချိန်ထိ
ရာသီတိုင်းပွင့်နေမယ်...
လွမ်းဖို့ ချစ်ခဲ့တာလား...
သက်ပြင်းတစ်ချက် ရှိုက်လိုက်တိုင်း
ငါ့ရင်ထဲ.......................ပိုပီပြင်လာတယ်
အရမ်းပဲချစ်နေပြိ...............။
လူတွေကလဲ သူ့ခံစားချက်နဲ့သူ
ကျွန်တော်ကလဲ ကျွန်တော့်ခံစားချက်နဲ့ ကျွန်တော်
မျက်လုံးကိုစုံမှိတ် မင်းနာမည်ကိုရေရွတ်
ငါ့ရင်ထဲကြည်နူးခြင်းနဲ့ ပြည့်ကျပ်နေခဲ့ပြီ။
ဘာလို့ အဲလောက်ချစ်ရတာလဲ
ငါ့ကိုယ်ငါတောင်မသိတော့ဘူး......။
ပန်းတစ်ပွင့်ကို နွမ်းလို့ပစ်ဖူးပေမယ့်
လူတစ်ယောက်ကို လွမ်းဖို့ဘယ်သူချစ်ဖူးပါသလဲ။
ခံစားမှုကြောင့် ဖြစ်ပေါ်လာတဲ့
အချစ်စိတ်...........။
အရမ်းပဲထူးဆန်းလွန်းပါတယ်ဗျာ...။
နက်ရှိုင်းစွာ ချစ်ခဲ့မိတဲ့
နှလုံးသားတစ်စုံမှာ...မင်းနာမည်ကိုရေးထိုး
ဆေးရည်းစိမ်ပြီး သိမ်းထားချင်တယ်......။
ငါ့ရင်ထဲ.......................ပိုပီပြင်လာတယ်
အရမ်းပဲချစ်နေပြိ...............။
လူတွေကလဲ သူ့ခံစားချက်နဲ့သူ
ကျွန်တော်ကလဲ ကျွန်တော့်ခံစားချက်နဲ့ ကျွန်တော်
မျက်လုံးကိုစုံမှိတ် မင်းနာမည်ကိုရေရွတ်
ငါ့ရင်ထဲကြည်နူးခြင်းနဲ့ ပြည့်ကျပ်နေခဲ့ပြီ။
ဘာလို့ အဲလောက်ချစ်ရတာလဲ
ငါ့ကိုယ်ငါတောင်မသိတော့ဘူး......။
ပန်းတစ်ပွင့်ကို နွမ်းလို့ပစ်ဖူးပေမယ့်
လူတစ်ယောက်ကို လွမ်းဖို့ဘယ်သူချစ်ဖူးပါသလဲ။
ခံစားမှုကြောင့် ဖြစ်ပေါ်လာတဲ့
အချစ်စိတ်...........။
အရမ်းပဲထူးဆန်းလွန်းပါတယ်ဗျာ...။
နက်ရှိုင်းစွာ ချစ်ခဲ့မိတဲ့
နှလုံးသားတစ်စုံမှာ...မင်းနာမည်ကိုရေးထိုး
ဆေးရည်းစိမ်ပြီး သိမ်းထားချင်တယ်......။






0 comments:
Post a Comment
အဆင်မပြေပါက Comment ပေးနိုင်ပါတယ်... လိုအပ်တာရှိခဲ့ပါက C-box တွင်တောင်းဆိုနိုင်ပါသည်။