Random Games

Link To My Blog

http://kywepwetharlay.blogspot.com/"
style="background-color: white;" target="_blank">
http://min.us/i/2eWEMRZksUN6" />

javascript:void(1)

Tuesday, September 8, 2015

Introduction OSI Models

                                    Introduction OSI Models


ဘာကြောင့် OSI Layer ပေါ်လာခဲ့သလဲဆိုတာကို ကျွန်တော်သိတဲ့ ဟာလေးနည်းနည်းပြေားပြပါမယ် အရင်တုန်းကပေါ့ကျွန်တော်တို့အသုံးပြုနေတဲ့ 

Network Device နဲ့အခြားသေား Device တွေကို ထုတ်လုပ်တဲ့ Vendor  တွေက များလာတယ် ။ အဲ့ဒိ Vendor တွေကလည်း ကိုယ်ပိုင် own proprietary 

solution ရှိကြတယ်။အဲ့ဒိတော့ Vendor တစ်ခုနဲ့တစ်ခုက solution က compatible မဖြစ်တော့ဘူး အဲ့ဒါက ဆိုးလွန်းတဲ့အချက်ပေါ့.. အဲ့ဒါနဲ့ ဒီလိုဆိုရင် 

ရေရှည်မှာ အဆင်မပြေနိုင်တဲ့အတွက် ISO ( the International Organization for Standardization) က OSI modelကို ၁၉၈၄ ခုနှစ်မှာ 

စတင်အသုံးပြုခဲ့တယ်


အဲ့လိုအသုံးပြုလိုက်မယ်ဆိုတော့ ဒီနေ့ထိတိုင် Different Vendor တွေက သူတို့တွေရဲ့ Device တွေကို OSI Layer 


နဲ့အခြေခံပြီးထုတ်လုပ်ခဲပါတယ်။နားလည်းလားတော့မသိဘူး မလည်သေးလဲ ဆက်ပြီးအားပေးပါအုံးဗျား ထပ်ပြီးပြေားအုံးမယ်.........



"All People Seen To Need Data Process " OSI ကို အလွယ်မှတ်သားနည်းပေါ့...


အခုကျွန်တော်ပြေားမှာကတော့ OSI layer တွေထဲက Layer တစ်ခုချင်းစီအကြောင်းပြေားပြပေးမယ်

Physical Layer -သူကတော့ Voltage Level ,Timing,Physical Data Rate တို့ Connector တွေပေါ့..etc  အဲ့လိုမမှတ်ချင်ရင် "           Everything 

you can touch "

DataLink Layer  - သူလည်း ဘာတွေလုပ်ပေးလဲဆိုတော့ Data တွေရဲ့ Format တွေကို Makes sure ဖြစ်အောင်, Data တွေကို Error 

မဖြစ်အောင်လုပ်ပေးတယ်  Data တွေကို reliably ဖြစ်အောင်ပို့ပေးတယ်, MAC Addresses and Ethernet frames က Datalink Layer 

ပေါ်မှာအလုပ်လုပ်တယ်။

Network Layer - ကတော့ Connectivity နဲ့ Routing တွေကို အကောင်းဆုံးလုပ်ပေးတယ် IPV4 & IPV6တွေကတော့ Network Layer 

ပေါ်မှာနေထိုင်တာပေါ့..

Transport Layer - Transport Layer ဆိုတာကတော့ Transport ဆိုတဲ့အတိုင်း သယ်ယူပို့ဆောင်တယ်ပေါ့  မင်းဟာ အင်တာနတ်ကနေပြီး 

ဆောင်းပါးတစ်ခုကို  ခေါ်လိုက်ရင် ဆောင်းပါးစာမျက်နှာပေါ်လာအောင် Transport Layer အလုပ်လုပ်မှာ မင်းကွန်ပျူတာဆီ Data လာမည်ဖြစ်သည်

TCP - TCP ကတော့ Data Sent ရင် Reliable Way ပုံစံအလုပ်လုပ်တယ်

UDP - UDP ကတော့ Data ကိုပို့ရင် Unreliable Way ပုံစံနဲ့အလုပ်လုပ်ပါတယ်

ဒါပေမယ် UDP လည်းသူနေရာနဲ့သူကောင်းမွန်ကြပါတယ်။။

Session Layer-Session Layer ကတော့ မင်းအင်တာနတ်သုံးပြီး Website တစ်ခုကိုခေါ်လိုက်မယ်ဆိုပါစို့ အခြား user တစ်ယောက်ထက်မက 

အသုံးပြုခဲ့မယ်ဆိုရင် ဒီ User ကတော့ ဒီ Page ကို ဟိုUser ကတော့ဟို page no... ဆိုပြီး Session အလိုက်ခွဲးပြီးအလုပ်လုပ်ပေးပါတယ် 

အခြားသေားဥပမာတွေလည်းရှိပါတယ် ဒါလေးပဲသိလို့ဒါလေးပဲပြေားပြပေးတာ(ဟုတ်ပါဘူး ဒါလေးကလွယ်မယ်ထင်လို့ပါ)

Presentation Layer -Presenation ဆိုတဲအတိုင်းပဲ Presenation လုပ်ပေးတယ် အောက်မှာသေချာလေးရှင်ပြပေးပါမယ် ဆက်ပြီးဖတ်ပေးပါအုံး

Application Layer -  APP Layer မှာဆိုရင် ဘယ် Protocol တွေပါဝင်လည်းဆိုတော့ Email, Https ,Http and FTP any more ပေါ့


               အားလုံးကို အသေးစိတ်ပြန်ပြေားပေးပါမယ်

1.မင်းကွန်ပျူတာကနေ မင်းကြိုက်တဲ့ web site တစ်ခုခုက File or ebook တစ်ခုခုကို Downloading လုပ်တော့မယ်ဆိုရင် မင်းဟာ Website ရဲ့ Address 

ကိုသိမှရမယ် အဲ့ Website ကိုသွားချင်ရင် Http ဆိုတဲ့ Web Protocol ကိုအသုံးပြုရမှာဖြစ်ပါတယ် အဲ့ဒါကို Application Layer လို့ခေါ်တယ်

2.အဲလိုခေါ်လိုက်တဲအခါပေါ့ မင်းဟာ ဘယ်လို Browserနဲ့ ခေါ်တာလဲပေါ့ မင်းဆီကို ဘယ်လို ပုံစံနဲပြန်ပြီး Respond လုပ်မယ်ဆိုတာကို အရင် 

Presentation အရင် လုပ်တယ်    Presentation Layer အသုံးပြုသွားတာပေါ့

4.အဲ့လိုပဲ Website ကို ခေါ်တဲ့ User ကို ဘယ်စာမျက်နှာကို အရင်ပို့မှရမယ် အဲ့ဒါပြီးမှ နောက်တစ်ခုကို ဆက်လတ်ပို့မယ်ဆိုပြီး Session 

ခွဲးပေးတာကိုတော့ Session Layer လို့ခေါ်တယ်

ကျန်တာတွေကတော့အပေါ်အတိုင်းပဲမှတ်လိုက်ပါ


ဒီလောက်နဲပဲရပ်လိုက်ပါတော့မယ်  OSI အကြောင်းကို အားလုံးမမှန်ခဲ့ရင် တောင် နည်းနည်းတော့သိသွားမယ်ထင်ပါတယ် ကျွန်တော်လည်း 

သိသလောက်နဲ့ စာတွေဖတ်ထားတာတွေမှတ်မိတာလေးတွေရေးသားထားတာပါ။  နောက်ထပ်ရေးအုံးမယ် သင်ခန်းစာကတော့ TCP/IP & OSI Layer ကွာခြားပုံပေးကို ရေးသားပါအုံးမယ်  ........လာရောက်အားပေးမှူကိုကျေးဇူးတင်ပါတယ်


                    







                                                                                                                   

My Blogger TricksAll Blogger TricksLatest Tips and Tricks

0 comments:

Post a Comment

အဆင်မပြေပါက Comment ပေးနိုင်ပါတယ်... လိုအပ်တာရှိခဲ့ပါက C-box တွင်တောင်းဆိုနိုင်ပါသည်။